Skip to content

Latest commit

 

History

History
122 lines (62 loc) · 8.64 KB

uki.txt.025.md

File metadata and controls

122 lines (62 loc) · 8.64 KB

ဤ password ဥပမာသည် ssh program မှ password လိုအပ်သောအခါ sshpassword ကို သွားစေပါသည်။ Expect သည် command-line terminal မှ စာလုံးအချို့ကိုစောင့်ဆိုင်း ရယူပြီး စာများပြန်ထုတ်ပေးသည်။ ထို့ကြောင့် Menu Iten ကို terminal တွင်သာ run စေရမည်ဖြစ်သည်။

###[SHC](Encrypt scripts)

SHC သည် code နှင့် password စသည်များကို မမြင်အောင် ပြုလုပ်ပေးပြီး ထို script များကို binary အဖြစ်သို့ ပြောင်းလဲပေးသည့် ရိုးရှင်းသော script compiler တစ်ခုဖြစ်သည်။ အသုံးပြုပုံများအား ဤနေရာတွင် (http://www.datsi.fi.upm.es/~frosal/sources/shc.html) ကြည့်ရှုနိုင်ပါသည်။ Debian Etch respository ကို ထည့်သွင်းခြင်းဖြင့် install ပြုလုပ်နိုင်ပါသည်။

sudo add - apt - repository http://archive.debian.org/debian/etc main

ထို့နောက် shc package အား install ပြုလုပ်ပါ။

sudo apt - get install shc

#Capture a screenshot #

Screenshot ပြုလုပ်ခြင်း ဤ Tutorial တွင် ကြည့်ပါ။

##Desktop အား KDE ကဲ့သို့ ပြောင်းလဲခြင်း##

နောက်ဆုံးထွက် Ubuntu ဗားရှင်းတွင် Gnome desktop အား ပြုပြင်၍ cleaner KDE desktop အဖြစ် ပြင်ဆင်နိုင်ပါသည်။ (ပြုပြင်ခြင်းသည် အလွန် ကိုယ်ရေးကိုယ်တာကျသဖြင့် ဤအပိုင်းသည် လမ်းညွှန်အဖြစ်သာ ဖော်ပြပေးထားသည်။ )

-Desktop Customization ပြုပြင်ခြင်းကို ကြည့်ပါ။

##Ubuntu တွင် KDE 4 Desktop အသုံးပြုခြင်း##

Kubuntu တွင် အလိုအလျောက်ပါပြီးဖြစ်သော KDE4 အခြေပြု Desktop အား Ubuntu တွင် install လုပ်နိုင်ပါသည်။

sudo apt - get  install kubuntu - desktop

KDE4 အား install လုပ်ရာတွင် အသုံးမလိုသော feature များပြားခြင်းနှင့် Module များအကြား လိုက်လျောညီထွေမှုမရှိခြင်း ပြသနာများကြုံတွေ့ရတတ်ပါသည်။ Login ပြုလုပ်ရာ၌ KDE (Kubuntu) Desktop ဖြင့် ဖြစ်စေ၊ Gnome (Ubuntu) Desktop ဖြင့်ဖြစ်စေ၊ ကြိုက်နှစ်သက်ရာဖြင့် ပြုလုပ်နိုင်သည်။ သို့သော်လည်း Desktop တစ်ခုချင်းစီမှ Modules ၂ခုသည် function တစ်ခုအား လုပ်ဆောင်မည်ဆိုပါက အခက်အခဲ(ကွဲလွဲခြင်း)များ ဖြစ်နိုင်ပါသည်။

##KDE 3 Desktop အား Ubuntu တွင် အသုံးပြုခြင်း##

သင့်အနေဖြင့် ယခင် Lucid (သို့မဟုတ်) မည်သည့် KDE 3 application မှ KDE 3 Desktop ကို Ubuntu တွင် install လုပ်နိုင်ပါသည်။

-ဖော်ပြပါ KDE 3 repositories အား ထည့်ပါ။

sudo add - apt - repository ppa:kde3 -maintainers

-KDE 3.5 desktop အား install လုပ်ပါ။

sudo apt - get update
sudo apt - get install kubuntu - desktop -kde 3

-မည်သည့် KDE 3 application ကိုမဆို install ပြုလုပ်လိုပါက package အမည်တွင် -kde 3 ဟူသော စာလုံးကို ထပ်ဖြည့်ပေးရပါမည်။ အချက်အလက် အပြည့်အစုံအတွက် Pearson Computing ကို ကြည့်ပါ။

##Kill (end) a process ##

Process (application) အား ပိတ်ခြင်း (သို့မဟုတ်) အဆုံးသတ်ခြင်း

-Frozen PC ကို ပြင်ဆင်ရန် နည်းလမ်းအတော်များများ ရှိပါသည်။ Alt + F2 ကို နှိပ်ပါ။ ထို့နောက် frozen Application ကို ပိတ်ရန် Killall ကို အသုံးပြုပါ။

ဥပမာ:

sudo killall amarok
sudo killall firefox

-ထစ်နေသော Graphic နှင့် ဆိုင်သည့် application များကို ပိတ်ရန်အတွက် xkill utility ကို သုံးပါ။Alt+F2 ကို နှိပ်ပါ။ xkill ဟု ရိုက်ပြီး run ကို နှိပ်ပါ။ သင်ပိတ်လိုသော application ပေါ်တွင် Mouse ၏ ၀ဲလက်ခလုတ်ကို နှိပ်ပါ။

ဤနည်းဖြင့် သင်ပိတ်လိုသည့် application များကို ပိတ်နိုင်ပါသည်။

##skill##

-အခြားနည်းအနေဖြင့် AltGr+SysRq+K (Right Alt +Print Screen + K) ကို နှိပ်ပါ။ ဒီနည်းက သင့်ကို logout ဖြစ်စေမှာဖြစ်ပါတယ်။ တကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ Ctrl + Alt + F1 ကိုနှိပ်ပြီး login လုပ်ပါ။ ပြီးတော့ သင့် password ကို နှိပ်ပြီး run ပါ။

sudo killall gdm
sudo startx

##View hidden files ##

Hidden File များအား ကြည့်ရှုခြင်း Nautilus Manager မှာ ဒါလေးကို နှိပ်ပါ။

ctrl + H

##Notification (အချက်ပြခြင်း ) တွေကို အသံဖျောက်ရန်##

-အချက်ပေးသံတွေကို disable ပြုလုပ်ဖို့အတွက်

Menu - System - Preferences - Sound -Sound Effects - Sound 	theme: -No sounds - Close

-GNOME အချက်ပေးချက်တွေဟာ အသံဖြင့် အလိုအလျောက် ဆက်စပ်နေပါတယ်။ ဒါကို သီးခြား disable ပြုရပါမယ်။

Alt - F2 - gconf - editor -/apps/indicators - sound - volume _mute (အမှန်ခြစ်ပေးပါ။ )

-Login အချက်ပေး အသံကို ပိတ်ရန်အတွက်

Menu - System -Preferences - Startup Applications - Startup Programs - GNOME LoginSound (အမှန် ခြစ်ဖြုတ်ပေးပါ။ )

-Menu - System - Administration - Login Screen - Unlock - Play login sound (အမှန်ခြစ်ဖြုတ်ပေးပါ။)

#Random password generator#

ကျပန်း password geneartor

-Pwgen သည် ကျပန်း password စာလုံးစုများထုတ်ပေးရန်အတွက်  အသုံးဝင်သည့် command line
တစ်ခုဖြစ်သည်။ Kubuntu တွင် Konsole မှ တဆင့် ၊Ubuntu တွင် Terminal မှတဆင့်

အသုံးပြုနိုင်သည်။ Install ပြုလုပ်ရန် ----

sudo apt - get install pwgen

-Pwgen အား အသုံးပြုရန်

pwgen

-UUIDgen သည် ကျပန်း UUID များအား ထုတ်ပေးသည့် အသုံးဝင်သော အလိုအလျောက် ထည့်သွင်းပေးထားသည့် program တစ်ခုဖြစ်သည်။ အသုံးပြုရန်း uuidgen

ဆန္ဒရှိပါက ကျပန်း UUID အား password အနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။