Skip to content

Latest commit

 

History

History
92 lines (48 loc) · 7.95 KB

uki.txt.024.md

File metadata and controls

92 lines (48 loc) · 7.95 KB

#Tips Tricks#

##Run Command##

Run Command အသုံးပြုခြင်း သင့်ရဲ့ စက်အတွင်းက Application များကို Run Command မှတဆင့် အသုံးပြုနိုင်ပါတယ်။ Alt + 2 ကိုသုံးပါ။

##Turn off Hot Keys##

###Hot Keys များအား ပိတ်ခြင်း####

ကျွန်တော့အမြင်မှာတော့ ဒါဟာ အလွန်အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။။ အစက်လေးတစ်စက်ဟာ ထင်မှတ်မထားတဲ့ ဘယ်လို အဖြစ်အပျက်မျိုးကို မဆို ဖြစ်သွားစေနိုင်ပါတယ်။ စိတ်မကောင်းစရာအဖြစ်နဲ့ပဲ ဒါဟာ ပြသနာတစ်ခုအဖြစ်နဲ့ Operation System ထဲမှာ ရှိနေပြီး turn off လုပ်ဖို့လည်း ခက်ခဲပါတယ်။

Menu - System - Administration - Advanced - Input Actions - General Settings - check toDisable KHotKeys daemon

Menu- System - Administration - Advanced - Input Actions - Gestures Settings - check to Disable mouse gestures globally

တကယ်လို့သင်က Disable mouse gestures globally ကို ရွေးချယ်ချင်ပါတယ်ဆိုရင်တော့ (တခါတရံမှာ အလုပ်မလုပ်ပါ) Desktop ပေါ်က မလိုအပ်တဲ့ Hotkey တွေကို disable လုပ်ပါ။

Menu - System - Administration - Advanced - Keyboard Mouse - Keyboard Shortcuts

ပြီးတော့ သင်က linking gestures to sticky and slow keys ကို deactivate လုပ်ချင်တယ်ဆိုရင်တော့

Menu - System - Administration - Accessibility - Activation Gestures - uncheck to - Use gestures for activating sticky keys and slow keys

မှတ်ချက်။ ။ သင့်အနေနဲ့ application အတော်များများကို အသုံးပြုမယ်ဆိုရင် hotkeys တွေကို disable လုပ်ထားရပါမယ်။

Synaptic Touchpad မှ hotkeys များကတော့ Ubuntu documentation ကို အသုံးပြုပြီး ရွေးချယ် turned off ပြုလုပ်နိုင်ပါတယ်။

##Associate default applications##

သက်ဆိုင်ရာ application များအား အလိုအလျောက်ပွင့်ရန်

-Dvd player အလိုအလျောက်ပွင့်လာရန်အတွက် DVD playback လုပ်ဆောင်နိုင်စွမ်းကို ဖွင့်ထားရန်လိုအပ်ပါသည်။ ပထမဦးစွာ

Menu - System - Administration - Advanced - File Associations - x - content - video - dvd - Applications Preferance order - Add တွင် မိမိနှစ်သက်ရာ media player အား ရွေးချယ်ပါ။ ၎င်းတွင် Blu - Ray နှင့် HD DVD အတွက် ဆင်တူသော ရွေးချယ်မှုဇယားရှိပါသည်။ တစ်ခုချင်းစီအား ရွေးချယ်သတ်မှတ်ပေးပါ။

-MPEG နှင့် အခြား ရုပ်သံ Format များအတွက် အလိုအလျောက် player များသတ်မှတ်ရန်

Menu - System -Administration - Advanced - File Associations - video -mpeg -Applications Preference order - Add တွင် သင့်စိတ်ကြိုက် media player ကို ရွေးချယ်ပါ။ .wmv) x -ms -wmv, သို့မဟုတ် Microsoft ၏ WMV format) ,.flv (x-flv, သို့မဟုတ် Flash video ), quicktime စသည် ရုပ်သံဖိုင်ပေါင်းများစွာအတွက် လက်ခံဖွင့်နိုင်မည့် player အားရွေးချယ်အသုံးပြုနိုင်ပါသည်။

-Audacious မှတဆင့် .pls အသံ stream များကို သတ်မှတ်ပေးရန်အတွက် Audacious:

Menu - System - Administration - Advanced -File Associatons - audio - x -scpls - Applications Preference order - Audacious အား အပေါ်ဆုံးသို့ ရွှေ့ပြောင်း၍ (သို့မဟုတ်)ထည့်ပေးခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

Filename Patterns Section ထဲတွင်တော့ * .pls ရှိနေရန်လိုအပ်သည်။

##User စကားဝှက်အသုံးပြုရန် မလိုပဲ ၀င်ရောက်သောစနစ်##

သွားရောက်ပြင်ဆင်ရန်အတွက် (မှတ်ချက် ၊ User အတွက် password လိုအပ်နေဆဲဖြစ်ပါသည်။ )

Menu - System -System Settings -Login Manager -Convenience - Enable Auto - Login (အမှန်ချစ်) - Lock session (အမှန်ချစ်) -Pre - select user: Specified :Choose primary user

-ဒါကို ပြုလုပ်ရင်တော့ screensaver ကို Password - Portected နဲ့တွဲပြီး လုပ်သင့်ပါတယ်။

##Program များအား bootup လုပ်စဉ် အလိုအလျောက်စတင်စေခြင်း

မည်သည့် program မဆို ~/.config/autostart folder သို့ program သင်္ကေတ လမ်းကြောင်း ဖန်တီးပေးခြင်းအားဖြင့် bootup ၌ စတင်စေလိုပါက သင်္ကေတလမ်းကြောင်း ဖန်တီးပေးရပါမည်။

sudo in -s /usr/bin/firefox ~/.config/autostart

##Bootup /Startup service များရွေးချယ်ခြင်း

System ၏ လုပ်ဆောင်ချက်များ တိုးတက်စေရန်အတွက် Startup ပြုလုပ်စဉ်တွင် မလိုအပ်သော/ အသုံးမပြုလိုသော service များ စတင်ခြင်းများ မဖြစ်အောင် ကာကွယ်ရပါမည်။

-GTK အား အခြေပြုထားသော Bootup - Manager အား Install ပြုလုပ်ရန်

sudo apt - get install bum

##Bootup-Manager အား အသုံးပြုရန်#

Menu - System - Bootup - Manager

##Menu item မှ Script အား အသုံးပြုခြင်း##

(password စသည့် )တုံ့ပြန်မေးခွန်းများ မေးမြန်းခြင်းများအား ဖြေဆိုရန် script တိုလေးများအား Menu item ထဲတွင် ထည့်သွင်းနိုင်ပါသည်။ အောက်တွင် SSH Negotiation ပြုလုပ်စဉ် password ထည့်ပေးနိုင်သည့် ဥပမာအား ဖော်ပြပေးထားပါသည်။ ပထမဦးစွာ အသုံးဝင် expect program အား install ပြုလုပ်ပါ။

sudo apt -get install expect

Menu item တွင် shortcut (သို့) command အသုံးပြုခြင်း ဖြစ်ပါသည်။