��း အခမဲ့ server များနဲ့ ဆော့ကစားနိုင်ပါတယ်။
-
(Package : alien- arena)
-
(Server : alien-arena-server)
sudo apt-get install alien-arena sudo apt-get install alien-arena-server
OpenArena -- Open-Source multi-player first person shooter အက်ရှင်ဂိမ်းဖြစ်ပြီး အခမဲ့ server များနဲ့ ဆော့ကစားနိုင်ပါတယ်။
sudo apt-get install openaren
sudo apt-get install openarena-server
Tremulous -- Halo နဲ့ဆင်တူပြီး multiplayer first person shooter action ဂိမ်းဖြစ်ပါတယ်။ နောက်ဆုံးထွက် ဗားရှင်းအတွက် Repositories ရှိပါတယ်။
sudo apt-get install tremulous
sudo apt-get install tremulous-server
Sauerbraten - Cuber မှဖြစ်ပြီး Graphic ကောင်းကောင်းနဲ့ multiplayer ဆော့နိုင်တဲ့ First person shooter game ဖြစ်ပါတယ်။
sudo apt-get install sauerbraten
sudo apt-get install sauerbraten-server
Nexuiz -- (ပြိုင်ပွဲများ) ပါဝင်တဲ့ open-source multi-player First person shooter game ဖြစ်ပြီး free servers များနဲ့ဆော့ကစားနိုင်ပါတယ်။
sudo apt-get install nexuiz
sudo apt-get install nexuiz-server
မြေပုံ ၃၅ခုပါတဲ့ add-on community pack ကိုတော့ ဒီနေရာမှာ ရရှိနိုင်ပါတယ်။ အဲတာကို install လုပ်ချင်ရင်တော့
map pack ကို /home/username/.nexuiz/data
(ဒါမှမဟုတ်~ /.nexuiz/data)မှာ ဖြည်ချပေးပါ။
မှတ်ချက် ဒီထဲက ဂိမ်းတော်တော်များများဟာ graphics လိုအပ်ချက်တွေရှိပါတယ်။ ဒါတွေကို ဆော့မယ်ဆိုရင်တော့သင့်အနေနဲ့ hardware driver တွေကို လုံလုံလောက်လောက် activate လုပ်ထားရပါမယ်။
####Urban Terror
Urban Terror သည် multiplayer first person shooter အက်ရှင်ဂိမ်း (ဆာဗာထည့်သွင်းပြီး) ဖြစ်သည်။ ၄င်းသည် open-source quake 3 engine ကိုအသုံးပြုထားပြီး တကယ့်လက်နက်များ၏ အသုံးပြုနိုင်မှုများအား ထည့်သွင်းပေးထားသည်။အခမဲ့ server များဖြင့် multi-player ဆော့နိုင်စေရန် ပြုလုပ်ပေးထားသည်။ဂျာမနီနိုင်ငံတွင် လူငယ်များဆော့ကစားခွင့်အား ပိတ်ပင်ထားပါသည်။ Download ပြုလုပ်ပြီး ဤအညွှန်း ကိုအသုံးပြုကာ install လုပ်နိုင်ပါသည်။
####Domm
Skulltag ရဲ့ZDoom နဲ့ ProBoom (Freedoom) တို့ဟာ Doom2 ရဲ့ ဗားရှင်းခွဲတွေဖြစ်ပါတယ်။ Doom3 အတွက်ကိုတော့ Ubuntu ပေါ်က Doom3 မှာ ကြည့်ရှုနိုင်ပါတယ်။
####Skulltag
Skulltag သည် ZDoom ကို အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်ပြီး
network play ကစားနိုင်ပါသည်။ (K)Ubuntu တွင် install လုပ်နည်းအား websiteတွင် ကြည့်ရှုနိုင်ပါသည်။(အကယ်၍သင့်တွင် မူလ
Doom2.wad
မရှိပါက အောက်တွင် ဖော်ပြထားသော Freedom Iwad ကို အသုံးပြုနိုင်ပါသည်။)
မှတ်ချက် Modules အတော်များများသည် Universe repositories မှ သီးခြားလိုအပ်ပါသည်။သင့်အနေဖြင့် Universe repositories ကို enable ပြုလုပ်ထားရန်လိုအပ်သည်။
Synaptic Package Manager - Settings - Repositories - Edit Software Sources - Community-maintained Open Source software (universe)
- (အမှန်ခြစ်ပေးပါ။))
Install ပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှု
sudo apt-get install timidity timidity-interfaces-extra
ထို့နောက် skulltage ၏ repositories များ update များထည့်၍ skulltage နှင့် DoomSeeker(Skulltag online server) အား install ပြုလုပ်ပါ။
echo deb http://skulltag.net/download/files/release/deb/jaunty multiverse/ sudo tee /etc/apt/sour
sudo apt-get update
sudo apt-get install skulltage doomseeker-skulltag
အကယ်၍ သင့်တွင် doom2.wad,tnt.wad
သို့မဟုတ် plutonia.wad
မရှိပါက freedoom.wad
ကိုသင့် ~/.skulltag
folder သို့ copy လုပ်နိုင်ပါသည်။
cd ~/.skulltag
wget http:/mirror.cinquix.com/pub/savannah/freedoom/freedoom-iwad/freedoom-iwad-0.6.4.zip/
unzip freedoom-iwad-0.6.4.zip
cp freedoom+/doom2.wad.
rm freedoom-iwad-0.6.4.zip
အကယ်၍ သင့်တွင် (skulltag-server,firewalls နှင့် skulltag ဖြင့် port forwarding ပြုလုပ်ခြင်းတို့အတွက်)အကူအညီများလိုအပ်ပါက ဤထပ်တိုး လမ်းညွှန်ချက်များအား ကြည့်ပါ။
Skulltag ကို မည်သည့် platform, မည်သည့် graphics, မည်သည့် စက်တွင်မဆိုအသုံးပြုနိုင်ပါသည်။ ၄င်းတွင် ထောင်ပေါင်းများစွာသော add-on များ၊မြေပုံများ၊ gameplay mode များအား ရွေးချယ်မကုန်နိုင်အောင် အသုံးပြုကစားနိုင်ပါသည်။
####PrBoom
PrBoom သည် မူလ first person shooter action game ဖြစ်သည့် Doom2 သည် အခမဲ့ open source port ဖြစ်သည်။၎င်းတွင် ZDoom ၏ advanced option များပါဝင်ခြင်းမရှိပါ။ Freedoom သည်မူလ Doom2,wad
ကိုနေရာယူမည့် အခမဲ့ Iwad (မြေပုံစု)ဖြစ်ပါသည်။
sudo apt-get install prboom freedoom timidity timidity-interfaces-extra
ဤဂိမ်းအတွက် ထောင်ပေါင်းများစွာသော မြေပုံ (Wads) ရှိပါသည်။သင့် home directory သည် သင့် မြေပုံ (wads) များ သိမ်းဆည်းရန် အလွယ်ကူဆုံးနေရာဖြစ်ပါသည်။
mkdir /home/user/wads
သို့မဟုတ် အပြောင်းအလဲအနေဖြင့် /user/share/games/doom folder
ကိုအသုံးပြု၍ folder
အားမည်သူမဆို အသုံးပြုနိုင်ကြောင်း ပြောင်းလဲသတ်မှတ်ပေးနိုင်ပါသည်။
chmod -R 777/usr/share/games/doom
သင့်မူလဂိမ်းထဲမှ doom2.wad,tnt.wad
နှင့် plutonia.wad
တို့အား ဤ folder ထဲတွင်ထည့်ပါ။
အကယ်ဤသင့်တွင်မရှိပါက usr/share/games/freedoom version
မှ doom2.wad
ကို ဤ
folder သို့ copy လုပ်နိုင်ပါသည်။သင် internet မှ Download လုပ်ထားသော .wad
ဖိုင်အသစ်များကိုလည်း ဤ folder ထဲတွင်ပင် ထည့်သွင်းပါ။ ပြီးနောက် ဂိမ်းအား မူလ မြေပုံဖြင့်ဖြစ်စေ၊သင့် .wad မြေပုံသစ်ဖြင့်ဖြစ်