ဆိုဒ်မှ အခမဲ့သွားရောက် Download ပြုလုပ်နိုင်ပါတယ်။
###Change Plymouth Splash Screen
Bootup မှာမြင်ရတဲ့ဟာက ကနဦး Splash Screen ဖြစ်ပြီး အခြားသော Plymouth Themes တွေကို Package Manger မှာသွားရောက် ရှာဖွေနိုင်ပါတယ်။ အသစ်တစ်ခုကို Install ပြုလုပ်ချင်ရင်တော့
sudo update-alternatives --config default.plymouth
sudo update-initramfs -u
မိမိကြိုက်နှစ်သက်ရာ Theme ကို ရွေးချယ်၍ တင်နိုင်ပါသည်။ Plymouth ကတော့ Bootup ပြုလုပ်နေတဲ့အချိန်မှာ မကြာခဏ Blacnk Screen များပေါ်ပေါက်ခြင်းနဲ့ nVidia Drivers တွေ ချက်ခြင်း အလုပ်မလုပ်ဆောင်နိုင်သေးပါဘူး။
###Change USplash Boot Screen
sudo apt-get install splashy splashy-themes
###Metacity
Metacity ဆိုတာက Gnome မှာပါတဲ့ မူလ Desktop Compositing Manager ပါ။ သူက ပေါ့ပါးခြင်း၊ ချက်ခြင်းပြောင်းလွဲခြင်း (streamlined) တွေနဲ့အတူ များများစားစားလဲ ပြုပြင်ပြောင်းလွဲစရာမလိုတဲ့ Options တွေပါဝင်သလို Gnome Look မှာတော့ Multiple Themes တွေ ချက်ခြင်း ဆောင်ရွက်နိုင်ပြန်တယ်။
###Compiz Fusion
Compiz Fusion က window manager နဲ့ သီးခြားကွဲပြားပါတယ်။ သူက Desktop effects တွေကို အဆင့်မြင့် ပြောင်းလွဲနိုင်တာဖြစ်ပြီး Cube တုံးသဖွယ်မျိုး Desktop ကို ပြောင်းလဲဖန်တီးနိုင်တာတွေလဲ ပါဝင်ပါတယ်။Ubuntu Users တော်တော်များများက Compiz ကိုရွေးချယ် အသုံးပြုကြပါတယ်။ဒါကို Ubuntu မှာ အချိန်ခဏလေးနဲ့ အလွယ်တကူ Install ပြုချင်ရင်တော့
sudo apt-get install compiz compizconfig-settings-manager compiz-fusion-plugins-maincompiz-fusion-plugins-extra emerald librsvg2-common
Compiz ကို Window Manager အဖြစ်ထားချင်ရင်တော့ Compiz Configuration မှာ အောက်ကအတိုင်း သွားရောက်ရွေးချယ်ပေးယုံပါပဲ
Menu - System -Preferences - CompizConfig Settings Manager
မှတ်ချက် ။ ပြောင်းလွဲထားတာတွေကို အဆင်ပြေဖို့က Process ပြီးသွားရင် Logout လုပ်ပြီးတော့ Login ပြန်လုပ်မှသာ ပြောင်းလွဲခြင်း effect ကို မြင်ရမှာဖြစ်ပါတယ်။
###Virtualization
Coming Soon!!!
###Moonlight
See Moonlight plugin for Firefox
###Java
Java install လုပ်ရန်
sudo apt-get install default-jre
###DosBox
DosBox သည် DOS-emulator (ဆက်စပ်ကိရိယာ) program တစ်ခုဖြစ်သည်။ ၄င်းသည် CPU:286/386 realmode/protected mode, Directory FileSystem/XMS/EMS, Tandy/Hercules/CGA/EGA/VGA/VESA grahpics
နှင့် SoundBlaster/Gravis Ultra Sound card
(ယခင်ဂိမ်းအဟောင်းများ၏ အသံဖြင့်လိုက်လျောညီထွေဖြစ်စေရန်) အသုံးပြုသည်။ သင်သည်ယခုခေတ် ကွန်ပျူတာများပေါ်တွင် ဆော့မရတော့သော ယခင်ဂန္ဓ္ဓ္ဓ၀င် ဂိမ်းများအားပြန်လည်အသက်သွင်းနိုင်ပါလိမ့်မည်။
sudo apt-get install dosbox
###Scumm VM
Scumm VM သည် ရုပ်ပုံများအားညွှန်ပြခြင်း၊ Click လုပ်ခြင်းစသည့် ဂိမ်းဟောင်းများအား လက်ခံ၍ run ပေးပါသည်။(သင့်တွင် ၄င်းတို့၏ ဒေတာဖိုင်များရှိရပါမည်။) Scumm VM သည် executables shipped များတွင် နေရာယူ၍ ဂိမ်းများကို Linux OSတွင် ကစားခွင့်ပေးမှာဖြစ်ပါတယ်။
sudo apt-get install scummvm
###Edutainment Applications
p-26(မရိုက်ထား)
###Google Earth
Google Earth မှ သင့်အား ကျွန်ုပ်တို့ကမ္ဘာဂြိုလ်ကြီးကို အပေါ်စီးက မြင်တွေ့ခွင့်ပေးမှာဖြစ်ပါတယ်။ဒီ software ဟာ အခမဲ့ package ဖြစ်ပါတယ်။ (ဒီ package ကိုအသုံးပြုဖို့အတွက် License ကို accept လုပ်ရမှာဖြစ်ပါတယ်။)
sudo apt-get install googleearth-package
make-googleearth-package --force
ရရှိလာတဲ့ .deb file ကို click ၂ချက်နှိပ်ပါ။ (သို့မဟုတ်) Linux အတွက် နောက်ဆုံးထွက်ရှိထားတဲ့ package ကို install လုပ်ရန်အတွက် Google Earth downloads ကိုသွားပြီး Download ဆွဲပါ။ ပြီးရင် အောက်က command နဲ့ install လုပ်ပါ။
wget http://dl.google.com/GoogleEarthLinux.bin/
chmod +x GoogleEarthLinux.bin ./GoogleEarthLinux.bin
####အသုံးပြုရန်
Menu - Application -Internet -Google Earth 3D planet viewer
သင့်အနေနဲ့ Google Earth -View မှာရှိတဲ့ Atmosphere setting ကို turn off လုပ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိမ်တွေဖုံးနေတာကြောင့် မြေပြင်ကို ပြမှာမဟုတ်လို့ပါဘဲ။
####Troubleshooting
Troubleshooting (ပြင်ဆင်ခြင်း) အကယ်၍ Google Earth ကိုဖွင့်လိုက်တယ်။ Loading ပြုလုပ်တယ်။ loading ပြုလုပ်တဲ့ screen တတ်လာပြီး error ပြမယ်။ဒါမှမဟုတ် ဘာမှမပေါ်တော့ဘူးဆိုရင်တော့ သင်ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ error တတ်ခြင်းကိုတွေ့ကြုံနေရပါပြီ။အဲဒီလိုဖြစ်နေချိန်မှာ Google Earth ကို Terminal ကနေ ~/google-earth/googleearth
လို့ရိုက်ပြီး run လိုက်ရင် ./googleearth-bin: relocation error:/usr/lib/i686/cmov/libssl.so.0.9.8: symbol BIO-test-flags, version OPENSSL-0.9.8 not defined in file libcrypto.so.0.9.8 with link time reference
ဆိုတဲ့ error ကိုပြပါလိမ့်မယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သင် Google Earth ကိုသွင်းထားတဲ့ Folder ကိုဖွင့်လိုက်ပါ။ပုံမှန်အားဖြင့်တော့ Google Earth ဟာ သင့် home folder ထဲမှာပဲ ရှိနေတတ်ပါတယ်။ ပြီးရင် libcrypto.so.0.9.8
ကိုရှာပြီး libcrypto.so.0.9.8.bak
လို့ပြောင်းလိုက်ပါ။ Google Earth ဟာ ပုံမှန်အတိုင်း သုံးလို့ရသွားပါလိမ့်မယ်။
cd ~/google-earth
sudo mv