Skip to content

Latest commit

 

History

History
54 lines (31 loc) · 7.85 KB

uki.txt.004.md

File metadata and controls

54 lines (31 loc) · 7.85 KB

ဥပမာ Destop version GUI installer ကိုအသုံးပြု၍ installation ပြုလုပ်နေစဉ်အတွင်း အဆင့်တစ်ခုတွင် အောက်ပါအတိုင်းပေါ်လာမည်ဖြစ်သည်။

Summary > Advanced > Device for boot loader installation: /dev/sda6

အထက်ပါ ဥပမာတွင် ထိုအခြေအနေအတိုင်း ထားရှိပါက GRUB2 bootloader သည် /dev/sda6 ((K)Ubuntu OS ထည့်သွင်းထားသည့် Harddisk Partition ) အတွင်းသို့သာ ရောက်ရှိသွားမည်ဖြစ်ပြီး MBR (Master Boot Record) ကိုပြောင်းလဲမည်မဟုတ်ပါ။သို့သော် /dev/sda ၏ default setting တွင်ထားရှိလိုက်ပါက GRUB2 သည် /dev/sda6 ((K)Ubuntu OS ထည့်သွင်းထားသည့် Harddisk Partition ) အတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သည့်အပြင် MBR (Master Boot Record) ကိုလည်း ပြုပြင်ပြောင်းလဲသွားပါမည်။ ထိုအခါ GRUB2 သည် ကွန်ပျူတာပေါ်တွင် ထည့်သွင်းထားသည့် Operation System အားလုံး၏ master bootloader အဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။အခြားသော bootloader (GRUB2 မဟုတ်သည့်) များကို အသုံးပြုနေသူဖြစ်လျှင် ထိုအခြေအနေသည် အဆင်ပြေမည်မဟုတ်ပါ။

##Start Manager ကို အသုံးပြု၍ Grub ၏ setting များကို ပြောင်းလဲခြင်း

Grub သည် (Operation System ၁ခုထပ်ပို၍ ထည့်သွင်းထားသော ကွန်ပျူတာများတွင်) မည်သည့် OS ကို ပုံမှန် ဦးစားပေးအနေဖြင့် စတင်လည်ပတ်စေမည်ကို သတ်မှတ်ခြင်းနှင့် အခြားသော bootup setting များကို ထိန်းချုပ်သည့် bootup utility ၁ခုဖြစ်သည်။ Startup Manager ကို အသုံးပြု၍ Grub ၏ setting များကို ပြောင်းလဲနိုင်သည်။ Startup Manager သည် Grub (Grub Legacy ), Grub 2, Usplash, and Splashy စသည့် bootloader များ၏ setting များကို ကွပ်ကဲရာတွင် အသုံးပြုသည့် software ဖြစ်သည်။ Startup Manager အသုံးပြုပုံကို ဒီနေရာ တွင်ကြည့်ရှုနိုင်သည်။ Startup Manager ထည့်သွင်းရန်အတွက်

sudo apt-get install startupmanager menu

Startup Manager လည်ပတ်စေရန်

Menu > System > Administration > Startup Manasger

မှတ်ချက် Grub setting များကို command-line interface မှလည်း ပြောင်းလဲပြင်ဆင်နိုင်သည်။

##Mac OS X နှင့် Ubuntu ကို ကွန်ပျူတာတစ်လုံးတည်းပေါ်တွင် ယှဉ်တွဲတင်ခြင်း

Mac OS X သည် Linux နှင့် တည်ဆောက်ပုံ ဆင်တူသည် (Max OS X သည် BSD Unix ကို အခြေခံထားခြင်းဖြစ်သည်။) Mac OS X နှင့် Ubuntu ကို ယှဉ်တွဲတင်ခြင်းနှင့် ပတ်သတ်သော အသေးစိတ်လမ်းညွှန်ချက်များကို ဒီနေရာတွင် တွင်လေ့လာနိုင်သည်။

###Ubuntu ရှိပြီးသား ကွန်ပျူတာပေါ်တွင် Mac OS X တင်ခြင်း

Ubuntu ကို Mac OS X နှင့် ယှဉ်တွဲတင်မည်ဆိုပါက Ubuntu ကို ထည့်သွင်းမည့် Harddisk Partition ကို ext2 ကို ရွေးချယ်ပါ။ (ထိုလုပ်ငန်းစဉ်အတွက် Super Grub Disk CD သည် အသုံးဝင်သော utility ဖြစ်သည်။) Super Grub ISO ဖိုင်ကို ဒီနေရာတွင် တွင် download ရယူနိုင်သည်။

Ubuntu ကို ထည့်သွင်းပြီးပါက Grub start-up list ကို ပြင်ဆင်ပြောင်းလဲပါ။

sudo nano /boot/ grub/menu.1st

ထို့နောက် အောက်ပါစာကြောင်းများကို ထပ်ပေါင်းထည့်ပါ။

title Mac OS X root (hd0,0) makeactive chainloader + 1

ပြီးလျှင် Mac ကို reboot လုပ်၍ Mac OS X တွင်ပါဝင်သော Terminal ကို သွားပါ။ (boot လုပ်ရာတွင် အခက်အခဲရှိပါက Mac OS X DVD ကိုအသုံးပြု၍ boot လုပ်ပါ။) F8 ကိုနှိပ်၍ -s ဟု ရိုက်ထည့်ပါ။ ထို့နောက် ရိုက်ထည့်ရမည့်စာကြောင်းများမှာ fdiskn -e /dev/rdisk0 flag 2 (flag 2သည် ယခုဥပမာ၏ Harddisk Partition number 2 ဖြစ်သည်။ သင်၏ Mac တွင် အသုံးပြုထားသည့် Partition number ပေါ်တွင် လိုက်၍ပြောင်းလဲနိုင်သည်။) quity reboot ပုံမှန်အလုပ် လုပ်ဆောင်နိုင်ပြီဟု မသေချာသေးပါက Super Grub Disk CD ကို အသုံးပြု၍ Grub ကို active လုပ်ပါ။

###Mac OS X ရှိပြီးသား ကွန်ပျူတာပေါ်တွင် Ubuntu တင်ခြင်း

Booth လုပ်နေစဉ်အတွင်း boothloader တွင် ပုံမှန်လုပ်ဆောင်နေခြင်းမရှိဟု သတင်းပို့ချက် (ဥပမာ HFS+error) များပေါ်လာပါက Super Grub ကိုအသုံးပြု၍ Linux GRUB နှင့် MBR (Master Boot Record) ကို ပြန်လည်ပြင်ဆင်နိုင်သည်။ Ubuntu ကို ထည့်သွင်းပြီးပါက Grub start-up list ကိုပြင်ဆင်ပြောင်းလဲပါ။

sudo nano /boot/grub/menu.1st

ထို့နောက် ထပ်ပေါင်းထည့်ရမည့် စာကြောင်းများမှာ

title Mac OS X root (hd0,0) makeactive chainloader +1

အကယ်၍ သင်သည်GRUB တွင် Mac OS X သို့မဟုတ် Windows နှင့်ပတ်သတ်၍ အခက်အခဲဖြစ်နေပါက Mac OS X ၏ Grub ရှိ entry ကို "root (hd0,1) သို့ပြောင်းလဲပါ။ထိုသို့ပြောင်းလဲခြင်းဖြင့် သင်၏ကွန်ပျူတာသည် Partition number 1 ကို boot လုပ်ပါလိမ့်မည်။Grub မှန်ကန်စွာအလုပ်လုပ်ဆောင်နိုင်သည်အထိ partition number ကို